Follow Me on Twitter

Pages

Monday, February 4, 2013

,လွမ်းသူရဲ့ပွဲ

ဝေးကြပြီလေ……..၊
စိတ်ကိုဖြေလည်း ဖြေရန်ခဲခက်
နီးရက်ကိုသာ မျှော်မိပါတယ် ၊

မောလိုက်ကွယ်
ရင်ဝယ်ပဲ့ခြမ်း ယဲ့နွမ်းနွမ်းမို့
အလွမ်းတောင်ညို ပြိုဖို့ငိုလည်း
အို. . .ဒီအလွမ်း သူ့ဇာတ်လမ်းရှည်
မဆုံးပြီပဲ ၊

လွမ်းသူရဲ့ ပွဲ ငါမနွှဲလို
တောင်းဆုဆိုလည်း ဆိုလို့မရ
ကျတဲ့မျက်ရည် ဖွဲ့ကာသီရင်း
ဖြေဆည်ဝေးနေ လွမ်းဝေဝေမိ ၊

ကျေ ကျေစေတော့ ရင်ကိုကော့လည်း
ဖြူဖျော့သောရင် နာကျင်နေမြဲ ၊

နေကျဲကျဲထဲ အားခဲလည်းလေ
ဖူးဝေလုလု ရွက်ကြွေနုလို
ရင်ထုတခို လွမ်းတေးဆိုရင်း
အို . . . ပါဝင်တင်ဆက်နေရသူ . . . .။

0 comments:

Post a Comment