သာသနာ ရောင်ဝါလွှမ်းပါဘိ
အေးချမ်းသည့် မြန်မာပြည် ၊
ဖန်ဝါဆင် မြတ်ရဟန်းတို့
စံမြန်းပျော်သည် ၊
သာယာဘိ ကမ္ဘာဆီ
လရောင်ခြည် လွင့်မျှော ၊
ကောင်းကင်ပြင် မိုးတိမ်လွတ်လို့
ဝါကျွတ်ပြီကော ။
ဝါအကျွတ်မှာဖြင့်
လွတ်ကြသည့် မီးပုံးပျံ ၊
လဗိမာန် နတ်ရထားသို့
သွားချိတ်မည့်ဟန် ၊
ဗျောက်အိုးဖောက်သံ
တညံညံ တအုန်းအုန်း ၊
ဆွမ်းတော်ခံ ဗြောစည်အုပ်က
တုတ်ဗြုန်း တုတ်ဗြုန်း ။
နိဗ္ဗာန်ကို မျှော်ရည်တ,လို့
မြတ်ဒါန ပြုကြမယ်၊
ဗြောစည်သံ တုတ်တုတ်ဗြုန်းက
မိုးလုံးညံတယ်၊
မီးအိမ်များ ဝိုင်းဝိုင်းလည်
ကောင်းကင်ကြယ် အလား၊
ဆီမီးတိုင် ကိုယ်စီနဲ့
မြတ်စေတီ ရှင်တော်ထွဋ်ကို
ရည်ညွတ်ဝတ်တွား .....။
Sunday, September 21, 2025
တောင်လှေကားမြို့၏ဖိတ်ခေါ်သံ
ကြည့်စမ်းပါ့ သခင်၊
ပန်းငွေရုံ ကြူမွှေးမွှေးမှာ
လေသွေးနေစဉ်၊
သဒ္ဓါပန်း ဝေဝေလွင်
ရွှေရင်မှာ ပြဋ္ဌာန်း၊
ရှမ်းရိုးမ တောင်တခွင်သို့
စိတ်အစဥ် မျှော်ရည်တလို့ရယ်
မှန်းဆကြည့်စမ်း၊
နှင်းစက်ရေ တပေါက်ပေါက်ရယ်ကြောင့်
ညွှန့်အညှောက် စိမ်းရွှင်၊
ပန်းမန်တွေ ခိုင်ဖြီးလို့
မြိုင်ပြီးတင့်ယဥ်၊
မနွမ်းဘူး တကယ်ပင်
ထာဝစဥ် ဝင့်လန်း၊
မရင့်မရိုင်းပါဘူး
အပွင့်တိုင်း ရနံ့ဝေလို့
အကန့်တွေ ဖြေကာပေးလို့ရယ်
ထွေးပွေ့လက်ကမ်း။
မတွန့်စမ်းပါနဲ့
စိတ်ကြမ်းကိုတဲ့ ဝံ့ဝံ့ပြင်၊
ကမ်းလက်ကို ခပ်ရဲရဲနှင့်
ဆွဲလှည့်သခင်၊
တောင်လှေကား မြို့တခွင်
ဖြူစင်စင် ဖြတ်သန်း၊
အရှုံးမရှိပါဘူး
ပြုံးအိအိ ချိုချိုနှင့်
မေတ္တာကို ပန္နက်ချလို့ရယ်
လှပလိုက်စမ်း။
ယွန်းအိမ် (ထီးချိုင့်)
ပန်းငွေရုံ ကြူမွှေးမွှေးမှာ
လေသွေးနေစဉ်၊
သဒ္ဓါပန်း ဝေဝေလွင်
ရွှေရင်မှာ ပြဋ္ဌာန်း၊
ရှမ်းရိုးမ တောင်တခွင်သို့
စိတ်အစဥ် မျှော်ရည်တလို့ရယ်
မှန်းဆကြည့်စမ်း၊
နှင်းစက်ရေ တပေါက်ပေါက်ရယ်ကြောင့်
ညွှန့်အညှောက် စိမ်းရွှင်၊
ပန်းမန်တွေ ခိုင်ဖြီးလို့
မြိုင်ပြီးတင့်ယဥ်၊
မနွမ်းဘူး တကယ်ပင်
ထာဝစဥ် ဝင့်လန်း၊
မရင့်မရိုင်းပါဘူး
အပွင့်တိုင်း ရနံ့ဝေလို့
အကန့်တွေ ဖြေကာပေးလို့ရယ်
ထွေးပွေ့လက်ကမ်း။
မတွန့်စမ်းပါနဲ့
စိတ်ကြမ်းကိုတဲ့ ဝံ့ဝံ့ပြင်၊
ကမ်းလက်ကို ခပ်ရဲရဲနှင့်
ဆွဲလှည့်သခင်၊
တောင်လှေကား မြို့တခွင်
ဖြူစင်စင် ဖြတ်သန်း၊
အရှုံးမရှိပါဘူး
ပြုံးအိအိ ချိုချိုနှင့်
မေတ္တာကို ပန္နက်ချလို့ရယ်
လှပလိုက်စမ်း။
ယွန်းအိမ် (ထီးချိုင့်)
Labels:
ကဗျာအိုင်
Sunday, March 19, 2023
ဇာတ်ညွှန်းမဲ့ပုံပြင်
သဘွတ်အူ သင်းကိုတုလို့
မင်းပြုနေသလား ဟင်၊
ပေါ့ဆမှု ရွှေဘဝင်နဲ့
ကိုယ်ထင်ရာ ကိုယ်လုပ်လို့
ရှုပ်တဲ့ဖြစ်အင်၊
အပြစ်ထုတ်မဆိုပါဘူး
စိတ်အလို အတင်းလိုက်လို့
မင်းမိုက်လို့ ဝရင်
သာသနာ့ရင်ခွင် ပြန်ခဲ့၊
ဟန်မလုပ်ပါနဲ့
ပြန်ရှုပ်စရာ အတွေးစင်ဖို့
သုံးလူ့ရှင် တရားရိပ်မှာ
မင်းအိပ်စက်လှည့်။
လမ်းအခွဲ
ဒုက္ခနယ် အဆုံးဆီသို့
ရုန်းကြဖို့ ကြံရွယ်။
လိမ်ဖယ် လိမ်ဖယ်နှင့်
သာယာဖွယ် ခါခါငြင်းလို့
တင်း လျှောက်ရာဝယ်။
လမ်းခုလတ်မှာပေါ့
ကြိုးအထပ်ထပ် ရစ်တွယ်
"ဟင့်အင်း… ချစ်တာတစ်ခုထဲ သိတော့တယ်" တဲ့
ကဲ ကဲ … အဲဒါဆို
နောက်တော့မှ မျက်နှာမညိုနဲ့
ဖျက်စရာမလိုအောင် ချစ်ကြိုက်လို့
မိုက်ရင် နေခဲ့ 😎
Tuesday, February 11, 2020
ကျေးဇူးပါ
နွေရောက်ပြီလေ
နေပူအထွက် ၊ ရော်ဝါရွက်တို့
ပက်လက်တုံးလုံး ၊ ဘဝဆုံးစဉ်
အမုန်းတေးသံ ၊ မလိမ်းကျံပဲ
ကာရံဖျောက်ဖျက် ၊ ပုန်းရှောင်ထွက်သူ
နှင်းစက်ဖြူကို ၊ ပွက်ပွက်ဆူစွာ
လွမ်းမိလာတယ် ....။
နှင်း ဘယ်မှာလဲ .....?
မင်း ဘယ်မှာလဲ......?
ဘယ်သူလဲကွယ် "
ဗွမ်း "ကနဲလျှင် ၊ အတင်းဝင်လျှက်
ရေစင်ဖြန်းပက် ၊ ရုတ်တရက်မို့
အိပ်မက်လိပ်ပြာ ၊ ကဗျာရထား
ရပ်တန့်သွားစဉ် ၊ မြောက်ကြွားကာလေ
နွေကိုမရွံ့ ၊ ၀ံ့ဝံ့ရဲရဲ
ရင်ထဲပြေးခို ၊ ၀ါချိုအိစက်
ပိတောက်ခက်လေး ......။
ရင်ထဲနွေးတယ်
ရင်ထဲနွေးတယ်
ရင်ထဲနွေးတယ်............။
Monday, December 24, 2018
အဖော်မဲ့ ဒီလမ်း
အလွမ်းအရပ်ဆီက
စက္ကန့်မလှပ် တကယ်၊
ချစ်သဲအူ လာတော့မလားလို့
စောင့်စားကာ ဘယ်ညာကြည့်
မျှော်နေမိတယ်၊
လေညှာအရပ်ဆီက
ရွက်ချပ်သံ တဖျောက်ဖျောက်နဲ့
သစ်ရွက်ခြောက် အကြွေဝယ်
သူလာတယ် မှတ်လို့၊
မျက်လုံးကို ဘယ်ညာနင်းကာ
လမ်းကျဉ်းဆီ ဖွေရှာကြည့်တော့
ချစ်မိသူ ရှာမတွေ့လို့
ဆွေးငွေ့ငွေ့ ခန္ဓာနဲ့
ဆုံဆည်းရာ ပုံပြင်ထဲမှာ
ကြေကွဲရင်ဆို့ 😔😔
#ကဗျာမလေး
Wednesday, December 19, 2018
++ ကို ++
ကဗျာလှလှ စာကျကျကို
မေမှ မရေးတတ်တာအကို ။
အလွမ်းပိုပို မေပျိုပျိုကို
သီဆိုချစ်တေး ကြူးတဲ့အကို ။
ဗလောင်ဆူဆူ ရင်ပူပူကို
လွမ်းကူငြိမ်းကာ ပေးသူအကို ။
ပါးပြင်နုရွ မျက်ရည်ခ,မှ
နီးရမယ်ဆို မေဆက်ငိုမည် ။
ချစ်လိပ်ပြာလေး ပျံသန်းပေးမှာ
မေငေးကာလေ မျှော်လို့နေမည် ။
မေ့နှလုံးသား ကို့ထံပါးဖို့
ကိုးကားမေ့ချစ် လွမ်းရစ်ဖွဲ့မည်
ဤ၍ဤမျှ သိစေချင်သည် ။
Saturday, October 8, 2016
“ မြန်မာ့သီတင်းကျွတ် ”
စံမြန်းပျော်သည် ၊
သာယာဘိ ကမ္ဘာဆီ
ဝါကျွတ်ပြီကော ။
ဝါအကျွတ်မှာဖြင့်
လဗိမာန် နတ်ရထားသို့
သွားချိတ်မည့်ဟန် ၊
ဗျောက်အိုးဖောက်သံ
တညံညံ တအုန်းအုန်း ၊
မြတ်ဒါန ပြုကြမယ်၊
မိုးလုံးညံတယ်၊
ဖေဖေနဲ့ မေမေရယ်
ကိုကိုနဲ့ မမရယ်
မောင်လေးရယ် ညီလေးရယ် ညီမလေးရယ်
ကြည်နူးတယ် တအား ၊
ရည်ညွှတ်ဝတ်တွား .....။
Subscribe to:
Posts (Atom)















