Follow Me on Twitter

Pages

Wednesday, April 8, 2015

နွေထဲမှာ ရှင်သန်ခြင်း


ငွေနှင်းရည် တပေါက်ပေါက်တို့
သွေ့ခြောက်လို့ အသေ ၊
စိမ်းစိုစို ကမ္ဘာပျောက်စေဖို့
နွေရောက်ပြီလေ ၊
မေပိတောက်ကတော့ဖြင့်
ဝေမလောက် စိုပြေ
နွေကိုလေ ကျီစား ၊
အပူနေ ပတ်ချာဟပ်စေတော့
ဖူးအဖတ် စိုစိုနဲ့
ပိတောက်ပျို ဖိုက်တာမရယ်
ငိုက်ကျမသွား ။


နွေဗိမာန် တံခါးဝမှာတော့
မောင်နှမ စုံညီစွာ ၊
ရေကြည်ဖြူ ပက်ကာဖြန်းလို့
လန်းတဲ့အတာ ၊
“ ဖြူပြာနဲ့ နီ ဝါ “
ဝေဆာတဲ့ တေးသွား ၊
နွေမီးလျှံ ဝန်းရံခစေတော့
မြန်မာ့ဟန် ပဒေသာတွေနဲ့
မြနန္ဒာ ခင်ပျိုနှမရယ်
လှလို့ပါလား ။

နှစ်ဟောင်းအို အသက်ထွက်
နှစ်သစ်ဆက် အလာ ၊
မြတ်မဟာ ဗောဓိကျောင်းဆီသို့
ခေါင်းညွှတ်လို့သာ ၊
ကုသိုလ်ဓာတ် မင်္ဂလာ
ရွှေရင်မှာ ကပ်ထား ၊
နွေဂိမှန် ထန်ကာပြင်းစေတော့
ဓမ္မအလင်း ဖြူဖြူနဲ့
ဂုဏ်တင့်သူ နှလုံးသွေးရယ်
အေးလို့ပါလား ……….။

0 comments:

Post a Comment