လဆန်းပြာသို ၊
မြခွါညို နွယ်ခွေပန်းကို
ကမ်းလင့်လို့ကြို ၊
ပန်းပွင့်တခို
နှင်းစိုစို ငွေရည်ဆမ်း ၊
မြခွါညို ရာသီပန်းရယ်
ချမ်းလို့တုန်စမ်း ။
မြပန်းခွါညို ၊
လပြာသို ရင်ခွင်နန်းမှာ
လှမ်းရောက်လို့ခို ၊
ကမ်းထောက်အကြို
သင်းထိုထို ရနံ့ဆမ်း ၊
နှင်းစိုစို နှစ်ကိုယ်လမ်းဝယ်
နွမ်းရက်တွေ ခမ်း ။
ညချမ်းမှာဆို ၊
လပြာသို ငွေရည်ဖြန်းလို့
ချမ်းတဲ့ခွါညို ၊
နမ်းလှည့်ပါဆို
ရနံ့ကို လည်ပြန်ဆမ်း ၊
လပြာသို မသန်စွမ်း
မြခွါညို အပြန်လမ်းဝယ်
လွမ်းကြစတမ်း.......။
လပြာသို ရင်ခွင်နန်းမှာ
လှမ်းရောက်လို့ခို ၊
ကမ်းထောက်အကြို
သင်းထိုထို ရနံ့ဆမ်း ၊
နှင်းစိုစို နှစ်ကိုယ်လမ်းဝယ်
နွမ်းရက်တွေ ခမ်း ။
ညချမ်းမှာဆို ၊
လပြာသို ငွေရည်ဖြန်းလို့
ချမ်းတဲ့ခွါညို ၊
နမ်းလှည့်ပါဆို
ရနံ့ကို လည်ပြန်ဆမ်း ၊
လပြာသို မသန်စွမ်း
မြခွါညို အပြန်လမ်းဝယ်
လွမ်းကြစတမ်း.......။
0 comments:
Post a Comment