နှစ်ယောက်သွားလို့ မဖြစ်နိုင် ။
မယိမ်းယိုင်ပဲ ၊ လမ်းခွဲစကား
ဘယ်သူ ကြားမလဲ
ဘယ်သူ ပြောမလဲ
ရင်ထဲလေးလေး ၊ ကိုယ်စီမေးလျှက်
သွေးအေးအေးနှင့် ရပ်စောင့်ပြီ ။
စောင့်သောအချိန်
အကြိမ်ကြိမ်တိုင် ၊ ငြိမ်သက်နေဆဲ
လမ်းခွဲစကား ၊ သူလား ကိုယ်လား
သွေးသားအေးခဲ ၊ တွေဝေဆဲပါ ။
ဟယ်- ကြာပါတယ်
လက်ယာဘက်လမ်း........ငါ့လမ်
လက်ဝဲဘက်လမ်း ........နင့်လမ်း
နောက်မလှည့်တမ်း ၊ ငါတို့လှမ်းစို့
လမ်းခွဲစကား ခပ်ခါးခါးကို
ဆီးတားပိတ်ဆို့ ၊ မနှစ်မြို့သူ
ငါတို့နှစ်ယောက် ၊ မကွယ်ပျောက်ခင်
နောက်လှည့်ကြည့်သူ ပြောစတမ်း .......။
0 comments:
Post a Comment