နွေရောက်ပြီလေ
နေပူအထွက် ၊ ရော်ဝါရွက်တို့
ပက်လက်တုံးလုံး ၊ ဘ၀ဆုံးစဉ်
အမုန်းတေးသံ ၊ မလိမ်းကျံပဲ
ကာရံဖျောက်ဖျက် ၊ ပုန်းရှောင်ထွက်သူ
နှင်းစက်ဖြူကို ၊ ပွက်ပွက်ဆူစွာ
လွမ်းမိလာတယ် ....။
နင် ဘယ်မှာလဲ .....?
နင် ဘယ်မှာလဲ......?
ဘယ်သူလဲကွယ်
" ဗွမ်း "ကနဲလျှင် ၊ အတင်းဝင်လျှက်
ရေစင်ဖြန်းပက် ၊ ရုတ်တရက်မို့
အိပ်မက်လိပ်ပြာ ၊ ကဗျာရထား
ရပ်တန့်သွားစဉ် ၊ မြောက်ကြွားတစ္ဆေ
နွေကိုမရွံ့ ၊ ၀ံ့ဝံ့ရဲရဲ
ရင်ထဲပြေးခို ၊ ၀ါချိုအိစက်
ပိတောက်ခက်လေး ......။
ရင်ထဲနွေးတယ်
ရင်ထဲနွေးတယ်
ရင်ထဲနွေးတယ်............။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment