ဘုရားကိုမြင် ငါဦးတင်၏
ရင်တွင်တောင်းဆု မရှိပါ ။
ရင်တွင်တောင်းဆု မရှိပါ ။
စိတ်အစဉ်တွင်
ရင်ပြင်တစ်ဖက် ဂြိုဟ်ခွင်ဘက်က
ညက်ညက်နုနု တောင်းဆုနှစ်သံ
ပစ္စုပ္ပန်သို့ ဝဲပျံပြေးလွှား
လာခ,စား၏ ။
” တပည့်တော်မ သံသာရ၌
ဘဝကြိမ်ဖန် ဖြစ်ရပြန်လည်း
သက်နှံသစ္စာ မောင်နှင့်သာလျှင်
မကွာမကွေ ပေါင်းရစေဘုရား “
” ဘုရားကျွန်တော် တပည့်တော်လည်း
ကျွမ်းဖော်သစ္စာ ခင်နှင့်သာလျှင်
သေမကွာရှင်မကွဲ လက်တွဲရစေဘုရား “
ဤအခါတွင်
ရင်ပြင်တစ်ဖက် ဂြိုဟ်ခွင်ဘက်က
ညက်ညက်နုနု တောင်းဆုနှစ်သံ
ပစ္စုပ္ပန်သို့ ဝဲပျံပြေးလွှား
မခ,စားပါ ။
သက်နှံမပါ ငါသည်သာလျှင်
ဗလာတောင်းဆု ငိုလုလုဖြင့်
ရာဟုထောင့်မှာ တစ်ယောက်ထဲ . . . ။
ရင်ပြင်တစ်ဖက် ဂြိုဟ်ခွင်ဘက်က
ညက်ညက်နုနု တောင်းဆုနှစ်သံ
ပစ္စုပ္ပန်သို့ ဝဲပျံပြေးလွှား
လာခ,စား၏ ။
” တပည့်တော်မ သံသာရ၌
ဘဝကြိမ်ဖန် ဖြစ်ရပြန်လည်း
သက်နှံသစ္စာ မောင်နှင့်သာလျှင်
မကွာမကွေ ပေါင်းရစေဘုရား “
” ဘုရားကျွန်တော် တပည့်တော်လည်း
ကျွမ်းဖော်သစ္စာ ခင်နှင့်သာလျှင်
သေမကွာရှင်မကွဲ လက်တွဲရစေဘုရား “
ဤအခါတွင်
ရင်ပြင်တစ်ဖက် ဂြိုဟ်ခွင်ဘက်က
ညက်ညက်နုနု တောင်းဆုနှစ်သံ
ပစ္စုပ္ပန်သို့ ဝဲပျံပြေးလွှား
မခ,စားပါ ။
သက်နှံမပါ ငါသည်သာလျှင်
ဗလာတောင်းဆု ငိုလုလုဖြင့်
ရာဟုထောင့်မှာ တစ်ယောက်ထဲ . . . ။
0 comments:
Post a Comment