Follow Me on Twitter

Pages

Tuesday, April 16, 2013

ပိတောက်လမ်း


ကြည့်စမ်းပါ့ သခင် ၊
ခါတော်မှီ လှမ်းရောက်တဲ့
ပန်းပိတောက်ပင် ၊
ပွင့်ဖူးမှာ အ၀ါဆင်
အတာတွင် ၀င့်ကြွား ၊
နေရာစုံ ရှုမငြီးပါဘူး
သူ့ချည်းပါလား ။

သင်္ကြန်မယ် လတန်ခူးနဲ့
ပိတောက်ဖူး အဆုံ ၊
တေးသံစုံ တသိမ့်သိမ့်နဲ့
ဖိန့်ဖိန့်တုန်တုန် ၊
ပိတောက်ဖူး အလှဂုဏ်
အဟုန်နှင့် မြင့်မား ၊
နှိုင်းတုစရာ မရှိပါဘူး
ကြည့်စမ်းပါလား ။

မိုးသက်လေ ရွှင်မြူးလို့
နှစ်သစ်ကူး လေပြီ ၊
ရှာပုံတော် မောင်နှမတို့
နွမ်းလျမောအီ ၊
ပိတောက်ဖူး ရွှေရည်
မြေပြင်ဆီ လွင့်ပါး ၊
ရာသီကုန် ပန်းအလှရဲ့
သြော် ..................
ဘ၀တရား ...........။

0 comments:

Post a Comment