Follow Me on Twitter

Pages

Sunday, April 14, 2013

မြန်မာ့အလှ

မကြွေဘူး
ဝေဖူးတဲ့ နန်းကလျာ
ပန်းပိတောက်ဝါ ၊

တစ်နှစ်မှ တစ်ခါ
ပွင့်လာတဲ့ နွေမ ၊

သင်္ကြန်ကို ကိုယ်စားပြု
ရှုလို့မ၀ ။

မရိုင်းဘူး
ဝိုင်းရူးလို့ ခုန်ပျံ
မြန်မာ့သင်္ကြန် ၊

တူးပို့ပို့ တေးသံ
လွင့်ပျံတဲ့ နေ့ည ၊

သင်္ကြန်နှင့် ယဉ်ကျေးမှု
စုတဲ့ကာလ ။

မရိုးဘူး
လတန်ခူး သဘင်
ယစ်မူးပျော်ဝင် ၊

လောင်းပက်တဲ့ ရေစင်
ခုံမင်လို့ မ၀ ၊

ဇာတိဂုဏ် သဘာဝတွေနဲ့
မြန်မာ့အလှ .......။

0 comments:

Post a Comment