Follow Me on Twitter

Pages

Sunday, February 10, 2013

မျက်မမြင်နှလုံးသား


အနေနီးသူများမို့
တားဆီးဖို့ မလွယ် ၊
သခင်ရှိ ပန်းလို့
တကယ်တမ်း သေချာသိပေမယ့်
ချစ်မိတယ် တို့အရေးကြောင့်
ပြစ်ဖြစ်မယ် စိတ်အတွေးနဲ့
ဝေးနေချင်တယ် ၊

မပိုင်ဆိုင်နိုင်တာလဲ
ကိုယ်ကိုယ်တိုင် သိသိကြီးနဲ့
အချစ်မီး ပိုပိုလာတော့
အို ... ဒီမှာ သေမတတ်ပါပဲ
ဝေဒနာ အပူဟပ်ပြီမို့
ဒီဇာတ်လမ်း ရပ်ဖို့ရွယ်
ဝေးနယ်သို့ မြန်မြန်လှမ်း ၊

လိပ်ပြာရယ်
တကယ်တမ်းမှာတော့
တစ်ခန်းရပ် အဖြစ်နဲ့ပါပဲ
ချစ်ဒဏ်ရာ အကြွင်းမသေပါဘူး
အတွင်းကြေ ဝေဒနာတွေကြောင့်
အပြင်းနေ တဟုန်းဟုန်းနဲ့
ဖုံးဖိကာ တိတ်တိတ်ဆွေးလို့
ဝေးဝေးက လွမ်း ........။

0 comments:

Post a Comment