ဧည့်သည်ပြန်လျှင်
ရှိုက်သံတိတ်ဆိတ် ၊ ကိုယ်စီအိပ်၍
မြိုသိပ်နေရစ်စေသတည်း ။
ခရီးတစ်ဝက် ၊ ရေတစ်ခွက်ကို
တွယ်ဖက်ခပ်ယူ ၊ သောက်သုံးသူမို့
တို့ဟူသည်က ၊ မဆွေးကြပါ ။
ခရီးတစ်ကွေ့၊ အရိပ်တွေ့၍
ပျော်မွေ့ခိုစမ်း ၊ မဆုံးလမ်းမို့
စံမြန်းရှည်ကြာ ၊ မနေသာချေ ။
ခရီးကြမ်းကြမ်း ၊ ခရောင်းလမ်းမို့
ရွက်ထမ်းဖေးမ ၊ ကူညီကြလည်း
အချက်ပြလက်ပြ ၊ နုတ်ဆက်ရမည် ။
ဧည့်သည်ပြန်လျှင်
ရှိုက်သံတိတ်ဆိတ် ၊ ကိုယ်စီအိပ်၍
မြိုသိပ်နေရစ်စေသတည်း ........။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment