ကျောက်ဆစ်ရုပ် မဟုတ်ပါဘူး
ရင်ခုန်လုပ်ရှားတတ်သူပါ ၊
ဘဝပန်း ပီပီမို့
ခပ်တည်တည် ဖြစ်နေတတ်ပေမယ့်
ရင်ဘတ်မှာ ယောက်ယက်ခတ်လို့
ချစ်တတ်တယ်ဟာ ၊
မခို့တရို့မျက်နှာနဲ့
ရှပ်ပြာပြာ တမင်လုပ်လို့
အရုပ်လို သဘောထားပြီး
မကျီစားပါနဲ့ကွာ
တွယ်တာမိမှာ စိုး ၊
မိုးကောင်းကင် ဟိုးအထက်က
မောင်နှံငှက် မေတ္တာနဲ့
သစ္စာကို အားကျပေမယ့်
လွမ်းရမှာ တကယ်ကြောက်သူမို့
ပါရဂူမြောက်တဲ့ စနစ်တွေနဲ့
အချစ်တွေ လာမခိုးနဲ့
ဟိုးထားနော် . . . ဟိုး လူဆိုး . . . ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment