Follow Me on Twitter

Pages

Saturday, April 13, 2013

ပိတောက်မင်းသမီး...သို့


အလွမ်းမရှိပေမယ့်
နွမ်းရိတဲ့ ရာသီ ၊

အကြောင်းမညီပါဘူး
ဆောင်းရာသီ သူမချစ်တော့
သစ်ပင်တွေ ကိုယ်တုံးလုံးနဲ့
ပုန်းရှက်ကြသည် ၊

ပိတောက်မင်းသမီးကတော့
သင်္ကြန်ထီး သရဖူနဲ့
ပန်ဆင်သူ ပတ်လည်ဝိုင်းလို့
နေရာတိုင်း ၀င့်ထည်
မြင့်ပြီလို့ ထင်သလား ၊

မမြောက်ကြွားပါနဲ့
အောက်ဖျားကို ရှုမျှော်လို့
ကုသိုလ်တော် တရားစုံနဲ့
အလှဂုဏ် အပိုတိုးရအောင်
ပိတောက်မင်းသမီးရေ .....
ရိုကျိုးစိတ်ထား .....။

0 comments:

Post a Comment