တိမ်းစမ်းပါလေ ရန်တစ္ဆေ
စိမ်းလန်းမှာပေ မှန်မသွေ
ငြိမ်းချမ်းပါစေ မြန်မာပြေ ( ပြည်
) ။
ပြောကြစမ်းလေ
မိုးပဇ္ဇုန် တစ်ခေတ်တိမ်းပေမယ့်
ထစ်ချိန်းလို့နေ ၊
တဒိန်းဒိန်း ပစ်ချွေ
အိုးအိမ်တွေ ပျက်ပြား
မိုးတိမ်တွေ နက်သွား ၊
မပစ်မှားရပါဘူး
ဖဘုရား အလိုကျ
ဒါလောကလား ။
ဘိုးဘွားတွေ သွေးအသားနဲ့
တို့ဖွားတဲ့ တို့မြေ ၊
ဘိုးဘွားပိုင် အမွေစစ်မို့
ချစ်မြတ်နိုးသတဲ့လေ ၊
ပြည်ထောင်ဘွား ညီနောင်တွေူ
အမွေကို သောက်စား
အပွေပို ဖောက်ပြား ၊
သူသေ ကိုယ်သေပါပဲ
အလိုလေ ရန်တွေဖြစ်
ဒါ ချစ်တာလား ။
ကျွဲနှစ်ကောင် ခတ်တဲ့ကြား
ညှပ်သွားတဲ့ ပြည်သူ ၊
ဘဝတွေ ပျက်သုဉ်းလို့
နှလုံးပွက်ဆူ ၊
ဟုန်းဟုန်းတက် မျက်ရည်ပူ
မပျက်ကူ ဝင့်ကြွား
အသက်အူ လွင့်ပါး ၊
ရှေးဘဝ ပြဿနာရဲ့
ဇာတ်ဆရာ အလိုကျ
ဒါက ကံလား ၊
ပြည်သူတွေ မြောက်စားလို့
ထိပ်ဖျားသို့ ရောက်သူ ၊
ပြည်သူ့ အာဏာနှင့်
ပြည်သူ့ယာ လယ်မြေချောင်း
ခေါင်းခေါက်လို့ယူ ၊
အနိုင်ထက် ပြုမူ
အခွင့်တူ မထား
ဘုရင့်လူ ဘုရား ၊
ဒါ …………………
ပြည်သူ့ကို အကျိုးပြုမယ့်
ပြည်သူ့တပ်လား ၊
မြို့ရွာစုံ အနှံ့အပြားမှာတော့
ဒုတ်ဓားတို့ တချွင်ချွင် ၊
လူချင်းလူ အကြမ်းဖက်လို့
သွေးပွက်ပွက်စင် ၊
ဘာသာရေး တံခွန်တင်
အမုန်းပင် စိုက်ထား
နှလုံးတွင် မိုက်မှား ၊
ဒါ………………..
ဘာသာဝင် သခင်လေးတို့ရဲ့
ယဉ်ကျေးမှုလား ။
မဖောက်ပြားကြပါနဲ့တော့
ထောက်ထားမှ တော်မလေ ၊
တို့တိုင်းပြည် မှောက်မှားလို့
နောက်ဖျားရောက်နေ ၊
ခွင့်အတူ ညီအမျှ
ဝါဒတို့ ဖြူစင်စေ
ဒါတို့ပြေ မဟုတ်လား ၊
ဆည်းလည်းသံ သာသာနဲ့
ပြည်မြန်မာ ဂေဟာနန်းရယ်
ငြိမ်းချမ်းစေသား ……….။
ခ၄၄ ရယ်....
ReplyDeleteငြိမ်းချမ်းပါစေသား မြန်ပြေ(ပြည်)တလွှား..စေချင်နေတာကြာရော့ပေါ့....
ရေးပါဦလား..ကဗျာတွေ
ReplyDelete