ငါ ဘာလုပ်ရမှန်းမသိတော့ဘူး
ဒီဇင်ဘာမှာ 32-ရက်မရှိဘူးတဲ့
နေ့ရက်တွေကို ဘယ်သူတိတ်နဲ့ပိတ်သွားတာလဲ
မေးခွန်းပျောက်သွားတဲ့
ဖြေဆိုချက်တိုင်း
တရားမဝင်ဘူးတဲ့လား
ဘုရားသခင်ဖန်ဆင်းခဲ့တဲ့
စစ်ပွဲမှာs
ငါက ကျဆုံးပေးရမှာတဲ့လား
ငြင်းဆိုရင် ဒါဟာ အပြစ်တဲ့လား
ပွင့်ပွင့်လင်းပြောခွင့်ရခဲ့မယ်ဆိုရင်
ဘာမှမပြောပဲ ငါနေပစ်လိုက်ဦးမယ်
ဒါမှ .... ဦးနှောက်နဲ့
နှလုံးသားကို
ငါ့ခန္ဓာကိုယ်ထဲ စိုက်ပျိုးကြီးထွားစေခဲ့တဲ့
လူ့ဥပဒေစည်းမျဉ်း ပြဋ္ဌာန်းခဲ့သူတွေ
သမိုင်းသူရဲကောင်းလုပ်ခဲ့သူတွေ
အလိုလို မုဆိုးဖို မုဆိုးမတွေ
ဖြစ်သွားမယ်
ခုတော့ ....ငါအရမ်းစိတ်နာနေတယ်
ဦးနှောက်ကြီးရှိရက်နဲ့
ငါ့အတွေးကို ငါအစိုးမရဘူး
ငါ့ကမ္ဘာကို ငါတည်ဆောက်ခွင့်မပေးဘူး
နှလုံးသားရှိရက်နဲ့
ငါ့ဝေဒနာ ငါမခံစားရဘူး
ရတာမလို လိုတာမရဖြစ်အောင်လုပ်ထားတယ်
သိမယ် သိမယ်
ပဉ္စမံတပ်သား နမ်းခဲ့တဲ့
အနမ်းဟာ
မမှားဘူးဆိုတာ ငါ လက်တွေ့
ပြလိုက်ဦးမယ်........။
0 comments:
Post a Comment