Follow Me on Twitter

Pages

Wednesday, April 8, 2015

ရဲရင့်တဲ့ ပန်းပိတောက်


" နွေ " တဲ့
နေပူနဲ့ လာပြီဆို ။

ဒူးမထောက်ပါဘူး
ဖူးအငေါက် ကော့ပျံလို့
ကျော့ကျော့မာန် အလံလွှမ်းပါတဲ့
ပန်းပိတောက်ပျို ။

မဝင့် မရိုင်းပါဘူး
အပွင့်တိုင်း အဝါချယ်လို့
အတာမယ် ဖြူဖြူနွဲ့ရယ်နဲ့
ကြူကြူလဲ့ တူနှစ်ကိုယ်
နှစ်သစ်ကို ဆင်,သ ။

ခါတော်မှီ ရာသီလမ်းမှာ
ပွင့်တဲ့ပန်း ပီပီပါပဲ
လှရွှေရည် တဆုပ်တခဲရယ်နဲ့
နေပူထဲ ကော့ပျံလို့
အလှဝန် ကျေအောင်ထမ်းတယ်
ပန်းပိတောက်မ ။

ရေးဖွဲ့ရက်စွဲ ( ၆-၄-၂၀၁၅)
၁၃၇၆-၁၃၇၇ သင်္ကြန်အတွက် ကဗျာလက်ဆောင်

0 comments:

Post a Comment