Follow Me on Twitter

Pages

Sunday, September 21, 2025

တောင်လှေကားမြို့၏ဖိတ်ခေါ်သံ

ကြည့်စမ်းပါ့ သခင်၊
ပန်းငွေရုံ ကြူမွှေးမွှေးမှာ
လေသွေးနေစဉ်၊
သဒ္ဓါပန်း ဝေဝေလွင်
ရွှေရင်မှာ ပြဋ္ဌာန်း၊
ရှမ်းရိုးမ တောင်တခွင်သို့
စိတ်အစဥ် မျှော်ရည်တလို့ရယ်
မှန်းဆကြည့်စမ်း၊

နှင်းစက်ရေ တပေါက်ပေါက်ရယ်ကြောင့်
ညွှန့်အညှောက် စိမ်းရွှင်၊
ပန်းမန်တွေ ခိုင်ဖြီးလို့
မြိုင်ပြီးတင့်ယဥ်၊
မနွမ်းဘူး တကယ်ပင်
ထာဝစဥ် ဝင့်လန်း၊
မရင့်မရိုင်းပါဘူး
အပွင့်တိုင်း ရနံ့ဝေလို့
အကန့်တွေ ဖြေကာပေးလို့ရယ်
ထွေးပွေ့လက်ကမ်း။

မတွန့်စမ်းပါနဲ့
စိတ်ကြမ်းကိုတဲ့ ဝံ့ဝံ့ပြင်၊
ကမ်းလက်ကို ခပ်ရဲရဲနှင့်
ဆွဲလှည့်သခင်၊
တောင်လှေကား မြို့တခွင်
ဖြူစင်စင် ဖြတ်သန်း၊
အရှုံးမရှိပါဘူး
ပြုံးအိအိ ချိုချိုနှင့်
မေတ္တာကို ပန္နက်ချလို့ရယ်
လှပလိုက်စမ်း။

ယွန်းအိမ် (ထီးချိုင့်)

0 comments:

Post a Comment