Follow Me on Twitter

Pages

Sunday, September 21, 2025

မြန်မာ့သီတင်းကျွတ်

သာသနာ ရောင်ဝါလွှမ်းပါဘိ
အေးချမ်းသည့် မြန်မာပြည် ၊
ဖန်ဝါဆင် မြတ်ရဟန်းတို့
စံမြန်းပျော်သည် ၊
သာယာဘိ ကမ္ဘာဆီ
လရောင်ခြည် လွင့်မျှော ၊
ကောင်းကင်ပြင် မိုးတိမ်လွတ်လို့
ဝါကျွတ်ပြီကော ။

ဝါအကျွတ်မှာဖြင့်
လွတ်ကြသည့် မီးပုံးပျံ ၊
လဗိမာန် နတ်ရထားသို့
သွားချိတ်မည့်ဟန် ၊
ဗျောက်အိုးဖောက်သံ
တညံညံ တအုန်းအုန်း ၊
ဆွမ်းတော်ခံ ဗြောစည်အုပ်က
တုတ်ဗြုန်း တုတ်ဗြုန်း ။

နိဗ္ဗာန်ကို မျှော်ရည်တ,လို့
မြတ်ဒါန ပြုကြမယ်၊
ဗြောစည်သံ တုတ်တုတ်ဗြုန်းက
မိုးလုံးညံတယ်၊
မီးအိမ်များ ဝိုင်းဝိုင်းလည်
ကောင်းကင်ကြယ် အလား၊
ဆီမီးတိုင် ကိုယ်စီနဲ့
မြတ်စေတီ ရှင်တော်ထွဋ်ကို
ရည်ညွတ်ဝတ်တွား .....။

0 comments:

Post a Comment