ဒုက္ခနယ် အဆုံးဆီသို့
ရုန်းကြဖို့ ကြံရွယ်။
လိမ်ဖယ် လိမ်ဖယ်နှင့်
သာယာဖွယ် ခါခါငြင်းလို့
တင်း လျှောက်ရာဝယ်။
လမ်းခုလတ်မှာပေါ့
ကြိုးအထပ်ထပ် ရစ်တွယ်
"ဟင့်အင်း… ချစ်တာတစ်ခုထဲ သိတော့တယ်" တဲ့
ကဲ ကဲ … အဲဒါဆို
နောက်တော့မှ မျက်နှာမညိုနဲ့
ဖျက်စရာမလိုအောင် ချစ်ကြိုက်လို့
မိုက်ရင် နေခဲ့ 😎
0 comments:
Post a Comment