Follow Me on Twitter

Pages

Monday, December 24, 2018

အဖော်မဲ့ ဒီလမ်း


အလွမ်းအရပ်ဆီက
စက္ကန့်မလှပ် တကယ်၊

ချစ်သဲအူ လာတော့မလားလို့
စောင့်စားကာ ဘယ်ညာကြည့်
မျှော်နေမိတယ်၊

လေညှာအရပ်ဆီက
ရွက်ချပ်သံ တဖျောက်ဖျောက်နဲ့
သစ်ရွက်ခြောက် အကြွေဝယ်
သူလာတယ် မှတ်လို့၊

မျက်လုံးကို ဘယ်ညာနင်းကာ
လမ်းကျဉ်းဆီ ဖွေရှာကြည့်တော့
ချစ်မိသူ ရှာမတွေ့လို့
ဆွေးငွေ့ငွေ့ ခန္ဓာနဲ့
ဆုံဆည်းရာ ပုံပြင်ထဲမှာ
ကြေကွဲရင်ဆို့ 😔😔

#ကဗျာမလေး

0 comments:

Post a Comment