Follow Me on Twitter

Pages

Monday, February 4, 2013

,ယစ်မူးတာ လျော့

Add caption
အဟိဟိ အခစ်ခစ်နဲ့
ဆယ့်သုံးနှစ် ဒီအရွယ် ၊

သစ်ရွက်ကြွေတိုင်းရယ်တဲ့
အရိုင်းမ ခပ်ငယ်ငယ်မို့
ရင်ခုန်ဖွယ် အချစ်ဦးမှာမှ
ယစ်မူးလှတယ် ၊

ညီမလေးရယ်
ဆိပ်ဆူးကို အဖော်ထင်လို့
သိပ်ရူးကာ မပျော်ချင်နဲ့
စိတ်ကူးတွေ တကယ်ပြင်ဦး
ငယ်ရွယ်စဉ် ဒီအခိုက်မှာမှ
ကြိုက်ရဲစွာ အလိုက်လွဲရင်တော့
အမိုက်ထဲ နင်မလွယ်
အဖတ်ဆယ်မရ ဖြစ်မှာပေါ့ ၊

အထက်တန်းဆီသို့
တက်လမ်းတွေ နွံမနစ်ရအောင်
လုံ့လရှင် လူငယ်ပီပီပေါ့
နှလုံးရည် မပျက်တမ်းပါပဲ
ပြဌာန်းချက် ထုတ်ပြန်လို့
ရင်ခုန်သံ အချစ်ဆူးတွေကြောင့်
ပုံမမှန် ဟစ်မရူးပါနဲ့
ညီမလေးရေ ………
ယစ်မူးတာ လျော့ …...။

0 comments:

Post a Comment