သဘွတ်အူ သင်းကိုတုလို့
မင်းပြုနေသလား ဟင်၊
ပေါ့ဆမှု ရွှေဘဝင်နဲ့
ကိုယ်ထင်ရာ ကိုယ်လုပ်လို့
ရှုပ်တဲ့ဖြစ်အင်၊
အပြစ်ထုတ်မဆိုပါဘူး
စိတ်အလို အတင်းလိုက်လို့
မင်းမိုက်လို့ ဝရင်
သာသနာ့ရင်ခွင် ပြန်ခဲ့၊
ဟန်မလုပ်ပါနဲ့
ပြန်ရှုပ်စရာ အတွေးစင်ဖို့
သုံးလူ့ရှင် တရားရိပ်မှာ
မင်းအိပ်စက်လှည့်။