Follow Me on Twitter

Pages

Monday, February 11, 2013

သဇင်မိန့်ခွန်း


ဘာဖြစ်လို့လဲ ဟင် ၊

ချစ်ဗျူဟာ ဖွဲ့ဆင်လို့
ဒီကလေ တမင်ယိမ်းတော့
သူကလေ တမင်တိမ်းတယ်
သူစိမ်းပြင်ပြင် ၊

ဘယ်အတွေး ဘယ်အထင်နဲ့
ဘယ်လိုမြင် ဘယ်အပြစ်တွေကြောင့်
တို့အချစ် တို့ပုံပြင်
ကြုံတိုင်းပင် " ဟင့်အင်း " ၊

တို့ချစ်ခြင်းများတွင်
အပြစ်မကင်းလို့လား ဟင်လို့
ရင်နင့်စွာ သူ့ကိုမေးတော့
ကလေးတစ်ယောက်လို ရယ်သံနဲ့
ကိုယ်ဟန်တွေ တမင်လုပ်ကာ
" အနုတ်လက္ခဏာပြနေတဲ့
စုတ်ချာချာ ဘဝနွေထဲကိုပေါ့
မိုက်မဲစွာ မဝင်ရဲသူမို့
အသဲဆယ်ဆူ ကွဲပါစေ
ဆောရီးပါပဲ သူရေ " တဲ့
တွေးလေလေ အခံခက်အောင်
ဆိုရက်လေခြင်း ..........။

2 comments:

  1. ဝင်ဖတ်သွားပါတယ် "ခလေး" ရေ။
    ဆက်လက်အောင်မြင်ပါစေဗျာ။ဒါနဲ့  khalaykbyar blog က ဝင်လို့မရတော့ ပါလား။ ဖျက်ပလိုက်တာလား?

    ReplyDelete
  2. မဖျက်ပါဘူးကိုဇော်ရေ ....blogနာမည်လေးပြောင်းလိုက်တာပါ
    khalaybook.blogspot.comလို့လေ အဲဒီအတိုင်းလေး ဝင်လိုက်ရင် ဝင်လို့ရမှာပါ အရာရာအတွက် ကျေးဇူးပါနော်

    ReplyDelete