Follow Me on Twitter

Pages

Friday, February 15, 2013

ချစ်နေဖို့သာ အဓိက


သူစိမ်းတွေ မဟုတ်ပဲနဲ့များ
ဘာလို့ အသဲတွေခါးနေရတာလဲ ပန်းငယ်
အတူတွဲသွားဖို့ ငြင်းပယ်
ယုယဖို့ရွယ်ရင် ပျာပျာသလဲ
ပတ်ဝန်းကျင်က တစ်မျိုးမြင်မှာစိုးသတဲ့လေ
ပန်းငယ်ရေ ...ငါသိပ်ဝမ်းနည်းတာပဲ ၊

ပတ်ဝန်းကျင်က ဘာထင်ထင်
ဘာမြင်မြင် ဘာဖြစ်လဲ
ပန်းငယ်နော် အတွေးတွေမလွဲနဲ့
စိတ်ဆင်းရဲ ရတတ်တယ်
ပတ်ဝန်းကျင်ဆိုတာက
တို့ကို ထမင်းပေးကျွေးနေတာမှ မဟုတ်ပဲကွယ် ၊

အမြင်ကတ်လို့ ဝိုင်းပယ်ပယ်
မဖွယ်မရာတွေနဲ့ ကဲ့ရဲ့ချင်ကဲ့ရဲ့
နှလုံးသားပဲ့ မသွားဖို့သာ
ဂရုစိုက်ရမှာပါ
တို့နှစ်ဦး ဖန်ဆင်းတဲ့ကမ္ဘာမှာ
ချစ်နေဖို့သာ အဓိကပဲလေ .......။

5 comments:

  1. အစ်ကိုဝင်ဖတ်သွားတယ်"ခလေး"ရေ။ကဗျာလေးကကောင်းတယ်။ပုံလည်းမိုက်တယ်။
    ဒါနဲ့ gtalk မှာမတွေ့ တော့ပါလား "ခလေး"ရဲ့

    ReplyDelete
  2. ကိုဇော်ရေ ....ခေး ပြည်ပ ရောက်နေလို့နော်
    အလုပ်လေးတွေလဲ ရှုပ်နေလို့ပါ gtalkလဲ သိပ်မဖွင့်ဖြစ်သလို
    လိုင်းပေါ်လဲ သိပ်မတက်ဖြစ်ပါဘူး အရာရာအတွက် ကျေးဇူးပါနော်

    ReplyDelete
  3. ဟုတ်ကဲ့ပါဗျာ။

    ReplyDelete
  4. အော်...
    ကာမယတိဌာယီဘာဝ ၊ ကာမသိင်္ဂါရရသတွေနဲ့ပါလား...။

    ReplyDelete