ခင်မင်မှုထား၊ နှလုံးသားမှာ
အကြင်နာဖြစ် ၊ တွယ်တာချစ်မိ
အပြစ်ရှိက ၊ ခံပါရစေ ...၊
ချစ်နေမိတာ ၊ ရင်မှာမြိုဝှက်
အထားခက်တော့
ငှက်ကလေးလို၊ ချစ်တေးဆိုမိ
အပြစ်ရှိက ၊ ခံပါရစေ...၊
နေ့ရက်တွေသာ
အခါခါဟောင်း၊ မပြောင်းချစ်စိတ်
တိတ်တိတ်ကြေကွဲ၊ တို့ရင်ထဲမှာ
ဝေဒနာစု ၊ ခံစားမှုတွေ
ကဗျာတွေဖြစ်၊ ကြာလေချစ်မိ
အပြစ်ရှိက ၊ ခံပါရစေ ......။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment