Follow Me on Twitter

Pages

Tuesday, February 5, 2013

ဆွေးငိုမှာပဲ

အမျက်မာန် မီးမြှားနဲ့
ရင်ကိုပစ်ခွင်းသွား ခဲ့သူရေ ၊

တို့အသဲတွေ ကြွေလို့
ဝေဒနာ အပူဆင့်ပေမယ့်
ရင်နင့်အောင် အစဉ်ချစ်သူမို့
အပြစ်ယူ မဆိုရက်ပါပဲ
ဖြေသိမ့်လျှက်ပါလေ ၊

မာယာရှင် ကဝေသို့
တို့ကိုလေ လှည့်ကာတိမ်းကာ
သူစိမ်းတွေ ဆန်ဆန်နဲ့
မမြင်ဟန် အစဉ်ပြစေတော့
ရင်ထဲက ချစ်မပြေ
ခွင့်လွတ်နေ မှာပါပဲ ၊

သူကျေနပ်မယ်ဆိုရင်လဲ
ရင်ကိုပဲ ခွဲခွဲ
အသဲကိုပဲ ချွေချွေ
အပြုံးနဲ့ အစဉ်နေလို့
တို့ကိုလေ သူမမြင်လောက်မှ
တစ်ယောက်ထဲ အရှိုက်တငင်နဲ့
သူ့ကျောပြင် မျှော်ကာငေးလို့
ဆွေးငိုမှာပဲ ………။

0 comments:

Post a Comment