Follow Me on Twitter

Pages

Monday, February 4, 2013

သိပ်ပျော်တာပဲ

Add caption
တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို ပိတောက်လို့
ခေတ်အောက်ဖွယ် ဒီအသုံးတွေနဲ့
သီကုံးကာ ပမာနှိုင်းရရင်
ရိုင်းပြမယ် ထင်တယ် ၊

ချစ်ရက်ရှည် တိတ်တခိုးနဲ့
မြတ်နိုးသူ တို့ရင်ထဲမှာ
အသည်း ရွှေပလ္လင်ပြိုလို့
ညညဆို အိပ်မရ
သူမှ သူရယ် ၊

မကြေငြာတတ်သူမို့
ချစ်သဲအူ သူမသိပေမယ့်
ချစ်မိသူ တို့ရင်ထဲမှာတော့
ကြင်နာတဲ့ပွဲ ရောင်စုံခြယ်
ကြည်နူးတယ် အမြဲ ၊

သူမသိပေမယ့်လဲ
သူရှိတဲ့ တို့ရင်ထဲ
မခံချိမခံသာ အဖြစ်မသဲပါဘူး
ရင်ထဲ ထားခွင့်ရရုံနဲ့
ပွင့်ချပ်တွေ တကယ်စုံလို့
ရွက်ချပ်အုံ ခြုံအရိပ်မှာ
သိပ်ပျော်တာပဲ . . . . . . ။

0 comments:

Post a Comment