ခေါင်းလောင်းသံတွေ တိတ်နေတယ် ၊
ရွာထိပ်သုဿာန်မှာတော့
ကြေးစည်သံ ဒူဝေဝေနဲ့
မြေခ,သူ ဆရာ့ခရီးရယ်က
ငိုဟီးချချင်စဖွယ် ၊
ကျောင်းသားကျောင်းသူအပေါင်း
ယူနီဖောင်း ကိုယ်စီဖြင့်
မျက်ရည်ပူ အခါခါသုတ်ပါလို့
ဆရာ့ရုပ်ကလာပ်ကိုပေါ့
မြေမြုပ်တော့မယ့် တွင်းပတ်လည်
အလွမ်းသယ် မဝ ၊
အစိုးမရပါဘူး
အနိစ္စ ဝတ သင်္ခါရာမို့
မြတ်နိုးတွယ်တာ သမျှကိုဖြင့်
ဖြတ်ချိုးပယ်ခွါ ပါရသော်လည်း
ရင်ဝမှာ အရှိုက်တငင်နဲ့
အလွမ်းသဘင် ကိုယ်စီခင်းကြတယ်
(သူငယ်ချင်းရယ် . . .)
မင်း ဈာပန . . . . . . . . . ။
0 comments:
Post a Comment