Follow Me on Twitter

Pages

Tuesday, February 5, 2013

ဆောင်းညလိပ်ပြာ

သူ ဘယ်မှာလဲ . . . .?
သူ ဘယ်မှာလဲ
သူ ဘယ်မှာလဲ
အသဲထဲက ကဗျာ ၊

အငမ်းမရပါပဲ
တမ်းတစွာ မြည်နေတော့
နှင်းရည်ဝေ ညချမ်းမှာ
လွမ်းလိုက်တာဟာ ၊

နေမထိ ထိုင်မသာနဲ့
မြင်မြင်ရာ အရုပ်ဆိုးလို့
ဝိုးတဝါး ရင်မှာဖြစ်တော့
စိတ်ညစ်ညစ်နဲ့ တို့လိပ်ပြာ
သူရှိရာ ပျံဝဲ ၊

အရိပ်ကလေးလိုပဲ
စိတ်အတွေး ချာချာလည်လို့
ပီပြင်မှု မရေမရာနဲ့
တွယ်တာသူ သူ့ကိုတွေ့တော့
ပျော်မွေ့သလို ရင်မှာဖြစ်ပေမယ့်
စိတ်ညစ်ပုံ ဖြေမပြေဘူး
ဆောင်းတစ္ဆေ ညချမ်းမှာ
လွမ်းမိနေဆဲ . . . . . ။

0 comments:

Post a Comment