သူငယ်ချင်း
တခါတုန်းကပေါ့ လူတစ်ယောက်ဟာ အိမ်ဆောက်မယ်ဆိုတဲ့စိတ်ကူးနဲ့
အိမ်တိုင်ခုတ်ဖို့ ထွက်လာတော့ ငှက်ပြောတောကြီးထဲရောက်လာခဲ့တယ် ၊ အဲဒီနေရာက
မြေသြဇာကောင်းတဲ့နေရာဆိုတော့ ငှက်ပျောပင်တွေက
ထွားထွားကြိုင်းကြိုင်းကြီးတွေပဲတဲ့ ၊
ဒီလူက ဒါကို ငှက်ပျောပင်မှန်းမသိတော့
" ဟုတ်ပြီ ဒီလောက်ကြီးတဲ့သစ်ပင်ကြီးတွေမှာ အနှစ်ရှိရမယ် ၊ အကာတွေခွါပြီး
အနှစ်နဲ့အိမ်ဆောက်မယ် " ဆိုတဲ့အတွေးနဲ့ ငှက်ပျောပင်တွေကို တူးယူပြီး
အိမ်သယ်လာခဲ့တယ်၊ ဒါပေမယ့် အိမ်ရောက်လို့ အကာတွေ အခွံတွေကို ခွါကြည့်တော့မှ
ခွါရင်းခွါရင်း ငှက်ပျောတစ်ပင်လုံးသာ ပြောင်သွားတယ်၊ သူလိုချင်တဲ့အနှစ်ကို
မတွေ့ရဘူးတဲ့ ၊
ငါတို့ဘဝတွေကလဲ ဒီအတိုင်းပါပဲ၊ ငါတို့ကတော့ ဘာမသိညာမသိနဲ့
ကိုယ့်ဘဝကိုယ် အထင်ကြီးနေလိုက်ရတာ၊ ကိုယ့်ဘာသာ
အားမနာတမ်းဝေဖန်ခွဲခြမ်းစိတ်ဖြာပြီး အကာတွေ အခွံတွေကို ခွါကြည့်လိုက်မှ
ဘာအနှစ်မှ မရှိတော့ဘူးသူငယ်ချင်း ...........။
0 comments:
Post a Comment