Follow Me on Twitter

Pages

Tuesday, February 5, 2013

အဖော်မဲ့ခုံတန်းပြာ

ခုံတန်းပြာ ပေါ်ဆီက
နေ့စဉ်နဲ့အမျှ တကယ် ၊

ချစ်မိသူ လာတော့မလားလို့
စောင့်စားကာ ဘယ်ညာကြည့်
မျှော်နေမိတယ် ၊

လေညှာအရပ်ဆီက
ရွက်ချပ်သံ တဖျောက်ဖျောက်နဲ့
သစ်ရွက်ခြောက် အကြွေဝယ်
သူလာတယ် မှတ်လို့ ၊

မျက်လုံးကို ဘယ်ညာနင်းကာ
လမ်းကျဉ်းဆီ ဖွေရှာကြည့်တော့
ချစ်မိသူ ရှာအတွေ့လို့
ဆွေးငွေ့ငွေ့  ခန္ဓာနဲ့
ခုံတန်းပြာ ကံ့ကော်ရိပ်မှာ
တိတ်တိတ်ရင်ဆို့ . . . . ။

0 comments:

Post a Comment