Follow Me on Twitter

Pages

Tuesday, February 5, 2013

ညီမလေးရဲ့ဖက်ရှင်

ပန်းလေးလို တကယ်လှတဲ့
ညီမလေး နားထောင် ၊

လူတကာ ငေးမျှော်စေဖို့
လျှပ်ပေါ် လော်လည်တဲ့
ခေတ်လုံချည် ဝတ်အစားကို
တရားလွန်အောင် မဝတ်ဆင်နဲ့
လူ့အမြင် မယဉ်ကျေးတာမို့
ဝေးဝေးက ရှောင် ၊

ဘာအဝတ် ဆင်ဆင်ပေါ့
ယဉ်ကျေးမှု အမြင်နဲ့
ဝန်းကျင်ကို အကဲခတ်လို့
သင့်မြတ်ဖို့ သတိဆောင်
မရိုင်းအောင် ဝတ်စား ၊

ညီမလေးရေ
နဂိုသဘာဝ,ကမှ
ပင်ကိုယ် အလှတရားပေမို့
ဝတ်အစား ယဉ်ယဉ်နဲ့
မြင်မြင်သူ မျက်စိအေးအောင်
ယဉ်ကျေးမှုကို ပုံဖော်လို့
တော်မတော် ချိန်ချင့်ပြီးတော့
ကျင့်နော် သိလား ……..။

0 comments:

Post a Comment