Follow Me on Twitter

Pages

Tuesday, February 5, 2013

ရင်ကွဲပက်လက်

လူ့သဘာဝရဲ့
မာနကို အသာဖယ်လို့
လိပ်ပြာငယ် သူ့ခြေရင်းမှာ
ဝပ်ဆင်းပေးခဲ့တဲ့ သူပါ ၊

မျက်နှာပေး မာမာနဲ့
ရင်နာအောင် မတူမတန်ဆိုလို့
တို့ကိုလေ သူမချစ်တော့
စိတ်ညစ်တယ်ဟာ ၊

ရှုံးနိမ့်ခြင်း အရာရာနဲ့
လမ်းတိုင်းမှာ မြူတွေဖုံးလို့
ဘယ်တုန်းက ဘယ်ကြမ္မာ
ဖန်ဖန်လာ နှိပ်စက် ၊

အခံခက်ပါရဲ့
ရင်ထက်မှာ အပူပျံလို့
အယူခံ ကဗျာလေးတွေနဲ့
အဆွေးအိမ် ပုံပြင်ထဲမှာ
ရင်ကွဲပက်လက် . . . . ။

0 comments:

Post a Comment