Follow Me on Twitter

Pages

Wednesday, February 13, 2013

ပြုံးပြ

ဒီမှာ မိရွှေချော
မင်းရုပ်ရည် ချောအလှကိုဖြင့်
ပြောပြဖို့ပင် မလိုပြီ ၊

အမုန်းနွေ ရာသီကြောင့်

အပြုံးမျက်နှာ သွေဖီလို့
ခပ်တည်တည် နေပုံမျိုးကတော့
ရုပ်ဆိုးပါသည် ၊

အမုန်းတရား ကင်းကွာလို့
မင်းတစ်ခါ ပြုံးပြလိုက်ရင်ဖြင့်
လောကအလှပင် လိုက်မမှီ
ဥမ္မာဒန္တီပင် ငိုရ ၊

ရွှင်ကြည်သော စိတ်နှလုံးနှင့်
အမုန်းအာဃာတတွေ ဖယ်လို့
ပန်းငယ်လို အမြဲလှအောင်
ကဲနော် ပြုံးပြ .......။

0 comments:

Post a Comment