ဒီမှာ မိရွှေချော
သင်းကွဲချိန် စောခဲ့လို့
တို့ဇာတ်ကြောက ကြမ်းတယ် ၊
အချစ်ကို ကိုးကွယ်လို့
ဇွတ်တိုးမယ် မင်းမကြံပါနဲ့
ဘဝကံ နွမ်းဖတ်ဖတ်ဖြင့်
စုတ်ပြတ်ပါ့မယ် ၊
အတွေးတစ်ချက် မမှားစေဖို့
စကားကုန် ခင်းကျင်းပြပေမယ့်
မင်းကတော့ နားမလည်
" ဟင့်အင်း ချစ်တာတစ်ခုပဲသိတယ် " တဲ့ ၊
ကဲ ကဲ ဒီလိုဆို
နောက်တော့မှ မျက်နှာမညိုနဲ့
ဖျက်စရာမလိုအောင် ချစ်ကြိုက်လို့
မိုက်ရင် လိုက်ခဲ့ ......။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment