အကြင်နာ စစ်စစ်တွေနဲ့
ချစ်နေတဲ့ ကျွန်တော်ပါ ၊
အပြစ်မယူပေမယ့်
ချစ်ရသူ ကျွန်တော့်လိပ်ပြာက
စိတ်ပျော်ရာ လူအသစ်နဲ့
ကြည်ဖြူနှစ်သက်နေပြန်တော့
ဝေဒနာ ဒါဏ်ရာတွေဖြစ်လို့
စိတ်ညစ်တယ်ဟာ ၊
ငှက်ကလေးလိုပဲ
ချစ်ရေးကို တေးသီဆိုလို့
အရိပ်လို အနားနေခဲ့ပေမယ့်
လိပ်ပြာရဲ့ ချစ်မေတ္တာ
လူအသစ်မှာသာ ညွတ်ယိမ်း ၊
ကျွန်တော့်ချစ်ခြင်းကိုတော့
ဟင့်အင်း ဟင့်အင်းနဲ့
အတင်း အတင်းပါပဲ
ငြင်းတဲ့ စကားတွေဆိုလို့
ဘယ်လိုမြင် ဘယ်အပြစ်တွေကြောင့်
အချစ်ရယ် . . . . . . . .
ဘာဖြစ်လို့ စိမ်း ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment