သောကတံခွန် သန္ဓေနွံရဲ့
ဥခွံတွင်းမှာ လူဖြစ်လာသော
” ငါ ” ဆိုတဲ့ ကဗျာဆရာတစ်ယောက်က ။
ကမောက်ကမ လူ့လောကရဲ့
ဘဝရိပ်မြုံ အနုံအချာ
သံသရာကို ခဲရာခဲဆစ်
ကဗျာဖြစ်အောင် ထုဆစ်ကုံးသီ
ညီညီစီကာ ပီတိဖြာခိုက်…...။
အနှေးရိုက်ချက် ဇာတ်တစ်ကွက်လို
ချွေးစက်ပေကျံ ကော်လံအစုတ်
ခ်ဳပ္ရိုးမညီ အက်ႌအဖာ
ရာဘာဖိနပ် အမြှီးပြတ်နဲ့
ကတ္တရာလမ်း နေပူကြမ်းပေါ်
တကြော်ကြော်ခေါ်ရောင်း
” ချဉ်ပေါင်း ချဉ်ပေါင်း “နဲ့
လက်မောင်းမချ ဘဝစာမေးပွဲဖြေသံ
သရုပ်မှန်က ပြုံးစစနဲ့
ငါ့ကဗျာကို လှောင်သွားပြီ……..။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment