ငါ့အလင်းတန်း
အမှောင်လွှမ်းခဲ့ ။
ချစ်ပန်းဖြူလည်း ၊ ခြေလှမ်းကျဲဖြင့်
လမ်းခွဲထွက်ခွါ ၊ ကျောခိုင်းခွါခဲ့ ။
မေတ္တာစီးဆင်း ၊ သူငယ်ချင်းလည်း
အလင်းမဲ့ရာ ၊ ခု အခါတွင်
ငါ့မှာ မရှိ ။
အသိဆွေမျိုး ၊ ငါအားကိုးဖို့
ရင်ကျိုးအောင်ရှာ ၊ တစာစာလည်း
ဘယ်မှာကြည့်ကြည့် ၊ မတွေ့မိတော့ ။
ရှိသည့်အရာ ၊ မရှိတာမို့
ဗလာသုည ၊ ခု ကာလဝယ်
ဘဝရထား ၊ ခုတ်မောင်းသွားဖို့
လမ်းမှားမရှု ၊ လမ်းကောင်းပြုဖို့
တောင်းဆု မယူနိုင်တော့ပါ …..။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment