Follow Me on Twitter

Pages

Wednesday, February 6, 2013

ကောင်းကင်ဖျားတဲ့ည

ရင်ထဲမှာ နေ့နေ့ညည
တယုတယနဲ့ပါ
သမုဒယ မြှားတံတွေကိုရှာ

နင့်ကိုသာ ရည်စူး
ခဏခဏ ချိန်ရွယ်ပစ်ပေမယ့်
အချစ်တွေ ဖြစ်မလာဘူး ၊

ကြယ်စုံတဲ့ ညတစ်ညမှာ
နင့်နုတ်ခမ်းလွှာက အဆိပ်ဆူး
" ကိုကို့ကို မချစ်ဖူး " တဲ့
ငါတကယ် ရူးသွားရပြီလေ
လမင်းတွေ အခြမ်းခြမ်းကွဲ
ကြယ်တွေလဲ တဖြုတ်ဖြုတ်ကြွေ ၊

အင်း ....ရှိပါစေတော့လေ
ငါ့အသဲတွေ ပေါက်ပြဲပြီး
ရင်ကွဲမတတ် နာချင်နာ
ကျေနပ်ရမှာပါ
ငါ့ရင်ထဲက ဝေဒနာကို
သေချာမှ နင်မသိပဲလေ......။

0 comments:

Post a Comment