အပွင့်ဆန်းတွေနဲ့
အမည်မဲ့ ပန်းတစ်ပင် ၊
သူ့ကေဦးမှာ ဆင်ဖို့
ရည်စူးကာ တမင်ပွင့်တာကြောင့်
မျှော်တလင့်လင့် ရင်နဲ့
တံချူပြင် သူချွေတော့မလားလို့
စောင့်စားရ နေ့စဉ် ၊
မျှော်ရင်း စောင့်ရင်းက
နေ့ခင်းတွေ မပီမပြင်နဲ့
တစ်နေဝင် တစ်နေထွက်လို့
တစ်ရက်ကုန် တစ်ရက်ကူးပေမယ့်
သူမခူး သူမဆင်
မမြင်ဟန် သူကျင့် ၊
သူမခူးတော့
ပွင့်ဖူးကို ပြန်ငုံလို့
ရာသီကုန်ချိန် ရောက်ခါမှ
ရွက်လှတွေ ဝေဝေဆာဆာနဲ့
တမာပင် အေးအရိပ်မှာ
တိတ်တိတ်လေးပွင့် . . . . . ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment