Follow Me on Twitter

Pages

Wednesday, February 6, 2013

မင်း ဘာကြောင့်မုန်း

ခုမှနော် လာမချော့ပါနဲ့
” သွား ” ဘယ်တော့မှ မခေါ် ၊

ခုမှနော် လာမဖားပါနဲ့
မုန်းထားမယ် ဒီတစ်သက်လို့
ပြောရက်တယ်နော် ၊

အပြစ်ကိုသာ ရှုမျှော်လို့
သူမခေါ် သူမပြောလေတော့
ဖြူရော်ရော် အပူဇောတွေနဲ့
ရင်မောပေါ့ ကျွန်တော်
အပျော် ပျောက်ဆုံး ၊

အပြစ်ရှိရင်လဲ
မဖုံးမဖိ ဝန်ခံလို့
တောင်းပန်ရန် အသင့်ပေမယ့်
ကြည့်ခွင့်ပင် သူမပေးပါပဲ
ဝေးဝေးက တမင်ရှောင်
မမြင်ယောင် တမင်ပုန်း
ဆံထုံးမာန် တချွင်ချွင်နဲ့
တွေ့မိရင် မျက်နှာတင်းလို့
အချစ်ရယ် . . . . . . .
မင်း ဘာကြောင့်မုန်း........ ။

0 comments:

Post a Comment