လူ့ဘဝ လမ်းဆီက
စိန်ခေါ်မှု ကြမ်းရှရှတွေနဲ့
အားစမ်းရတော့မယ့် ညီမလေးရေ ၊
ရှေးကုသိုလ် ယူနီဖောင်းကြောင့်
ရွှေသရဖူ ဆောင်းနိုင်တဲ့
ကံဥာဏ်ကောင်း ပိုင်ဆိုင်သူပီပီပေါ့
ယုံကြည်ချက် လမ်းစဉ်ဖြင့်
ကိုယ့်စွမ်းအင် ကိုယ်မြင့်လို့
ရဲရင့်ပါစေ ၊
အားအင်ချင်း မနှိုင်းသာလို့
ပြိုင်တိုင်းမှာ အရှက်ကွဲစေမယ့်
ခက်အခဲ ကြုံချင်ကြုံစေတော့
စိတ်အာရုံ မဝံ့မရဲ
တွန့်ကနဲ ဖြစ်မနေ
စွမ်းအင်တွေ စုစည်း ၊
ညီမလေးရေ
လူ့လမ်းမ ပေါ်ဆီက
စိန်ခေါ်မှု မှန်သမျှကိုဖြင့်
ကိုယ့်ကံဥာဏ် ဝီရိယတွေနဲ့
စွမ်းသမျှ တုပြိုင်လို့
အရှုံးအနိုင် မကြည့်တမ်းပါပဲ
ကိုယ့်ပန်းတိုင် ရှိရာမှန်းကာဖြင့်
လျှောက်လှမ်းစေသတည်း . . . ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment