Follow Me on Twitter

Pages

Wednesday, February 6, 2013

ပြန်လှည့်ခဲ့ပါ ညီမလေး

အိမ်ကိုစွန့်လို့
တိမ်ညွန့်ပေါက်ကွဲ ကောင်းကင်ထဲကို
မာန်ဇွဲနဲ့ပြေး ညီမလေးရေ ….။

 ဟိုး ဝေးဝေးထိ ပျံတော့ကြည့်ပေါ့
သတ္တိဆိုတာ ဥာဏ်လည်းပါမှ
ပါဝါအစွမ်း တကယ်လန်းမယ်
ရမ်းရမ်းကားကား မစွန်းစားဘဲ
ထိပ်ဖျားမှန်းချက် ဖျက်တန်ဖျက်ပေါ့
အရှက်ကိုငဲ့ မရွဲ့နဲ့နော်
မတဲ့မတန် လေကြမ်းခံလို့
တောင်ပံကျိုးပဲ့ အားမာန်မဲ့ရင်
ပြန်လှည့်ခဲ့ပါ ညီမလေး …….။

0 comments:

Post a Comment