♥~~~~~♥♥♥♥~~~~~♥
ဥယျာဉ်မှူးပေမို့
ဆွတ်ခူးဖို့ မရည်ရွယ် ၊
အပင်မဖြစ်မှီက
ပန်းပီပီ လှစေချင်တော့
နေ့စဉ်ပင် ရေဖြင့်လောင်းကာ
ပေါင်းမြက်တွေ ရှင်းကာပေး
သြဇာမြေ သွင်းကာကျွေး
တွေးတွေးပျော်တယ် ၊
ပေါင်းသင် ရေလောင်းလို့
ရက်ပေါင်း အတန်ကြာတော့
ပွင့်အာသစ် ညီညီနဲ့
ပန်းပီပီ ရနံ့သင်းလာမှ
ဘယ်သူလာ ဘယ်သူခူးမလဲလို့
ရင်ထဲမှာ တိုးတိတ်တိတ်နဲ့
စိုးထိတ်မိပြီ တကယ်
နှမျှောလာတယ် ဆိုပါတော့ ၊
ကြူလိုက်တာကွယ်
ဆွတ်ယူမယ် ရည်စူးလို့
ပန်းခူးသူ တကယ်လာတော့
ဥယျာဉ်မှူး ခမျှာမှာ
ဆူးစူးဟန် ဝေဒနာနဲ့
မျက်နှာကို တစ်ဖက်လွဲလို့
ကိုယ့်လမ်းစဉ် ကိုယ်ထိန်းကာ
စိမ်းရပါပေါ့ ..........။
♥~~~~~♥♥♥♥~~~~~♥
Subscribe to:
Post Comments (Atom)
မဆိုး ပါဘူး ဒါပေမယ့် လေးချိုးက ကာရံနည်းနည်း သစ်လွင်ဖို့လိုတယ်
ReplyDeleteကောင်းပါတယ် ကြီုးစားပါ
ReplyDelete