Follow Me on Twitter

Pages

Saturday, December 27, 2014

ပိတောက်မာန်





" နွေ " တဲ့
 နေပူနဲ့ လာတဲ့အခါ ၊

ဒူးမထောက်ပါဘူး
ဖူးအငေါက် ကော့ပျံလို့
  ကျော့ကျော့မာန် အလံလွှမ်းပါရဲ့
ပန်းပိတောက်ဝါ ၊

မောင်လေးရေ လာ
ညီလေးရေ လာ
ညီမလေးရေ လာ
ပိတောက်ဝါ စိတ်ထား ၊

ဘဝနွေ ဇုံထဲမှာ
ပုံလှဲမယ့် အမြောက်ဆံနဲ့
အကောက်ကြံ အမှန်ထုစေတော့
အကြောက်ဒဏ် ရန်မပြုစေနဲ့
ပိတောက်မာန် ဟန်ကိုရှုလို့
တုလိုက်စို့လား ........။

0 comments:

Post a Comment