မချစ်တတ် ချစ်တတ် ၊ သင်ပညတ်စဉ်
ရှက်တတ်လေသော ၊ လူ့သဘောမို့
ရင်မောလုပ်ရှားမိခဲ့တယ် ။
ဟိုတုန်းကများ
ချစ်စကားကို ၊ ဝှက်ထားမြိုသိပ်
မုန်းအရိပ်မှာ ၊ ပုန်းအိပ်အမြဲ နေခဲ့တယ် ။
အခုများတော့
အသဲပျော့ညက် ၊ သနားဖက်ကာ
အိပ်မက်မှာလို ၊ တကယ်လိုနှင့်
သူ့ကို လက်လှမ်းကြိုခဲ့တယ် ။
အိပ်မက်သာလျှင် ၊ ဖြစ်စေချင်တယ်
တမင်မေ့ထား ၊ အတိတ်များနှင့်
ဝေးသွားပြီးမှ ၊ နီးပြန်ရမို့
စိတ်ကတွယ်တာ ၊ မရေရာဘူး
“ ချစ်တာလွယ်လျှက် ၊ ယုံရခက်တယ်”
ဝဋ်ရက်မြန်မြန် ကုန်ပါကွယ် ။
သြော် ….မချစ်တတ်ချစ်တတ် ၊ သင်ပညတ်စဉ်
ရှက်တတ်လေသော ၊ လူ့သဘောမို့
ရင်မောလုပ်ရှားခဲ့တာ …….ယုံ ။( မုန်း- ရန်ကုန်တက္ကသိုလ်)
0 comments:
Post a Comment