Follow Me on Twitter

Pages

Friday, December 26, 2014

နင့်ကို ငါမချစ်ဘူး

ငါ့အရိပ်ငါ ပြန်မြင်တိုင်း
ငါ့လိပ်ပြာ သန့်တယ်
နင့်အသဲ ကွဲတဲ့ပြဿနာ
ငါ့မှာ တာဝန်မရှိဘူး
နင်သာ အရူး . . . ။

နင့်ကို ငါမခေါ်ခဲ့ဘူး
နင့်ကို ငါမနှင်ခဲ့ဘူး
ငါမဟုတ်တဲ့ ငါ့အရိပ်ကို
သံယောဇဉ်ကြိုးနဲ့ ချည်တုပ်
အဲဒါ နင့်အရှုပ်လား
ပြောစမ်း . . . အဲဒါ ငါ့အထုပ်လား . . .။

ဆံနွယ်မှာချည်ထားတဲ့ ငါ့ဖဲကြိုး
တိတ်တဆိတ် ဖြုတ်ခိုး
ပြီးတော့မှ ကိုယ်ကျိုးနည်းရပါပြီတဲ့
တော်တော်ပလီပလာများတဲ့ သတ္တဝါ
အသဲကင်ဆာဖြစ်ပြီး သေဖို့သင့်နေပြီ
တော်ပြီ
ငါ စာကျက်လိုက်ဦးမယ် . . . . .။

0 comments:

Post a Comment