Follow Me on Twitter

Pages

Friday, December 26, 2014

ဝေဒနာည

ကြယ်စင်တွေ ကြွေကျတဲ့
နွေညရဲ့ အလယ် ၊

မဖျက်သာတဲ့
တစ်သက်တာ လမ်းအခွဲမို့
ရင်ထဲမှာ နာကျင်ကျင်နဲ့
မကြာခင် ဒီကအသဲတော့
ကွဲရတော့မယ် ၊

ကောင်လေးရယ်
ရှောင်မပြေးတဲ့
ကောင်မလေးရေ တာ့တာလို့
လက်ပြကာ နုတ်မဆက်နဲ့
ရုတ်တရက် ခွေယိုင်လည်
သေနိုင်တယ် သိရဲ့လား ၊

စည်းပတ်ချာလည် ခြားလို့
နုတ်ဆက်စကားတွေနဲ့
ရုတ်တရက် ထွက်ခွါသွားရင်ပေါ့
အသက်ပင် ပါသွားနိုင်တာမို့
စိတ်ခိုင်စွာ နေမရပါပဲ
” တာ့တာ ” ကို မလိုအမုန်းနဲ့
တကိုယ်လုံး အပူထိလို့
ငိုမိသူ ပျော်ပျော်အိပ်ခါမှ
တိတ်တိတ်လေးသွား . . . . .။

0 comments:

Post a Comment