Follow Me on Twitter

Pages

Friday, December 26, 2014

ကျွန်မပန်းသည်

သဘာဝ စန်းတွေနဲ့
အလှပန်း ပီပီ ၊

ရှေးကုသိုလ် ကံမမှီတော့
လေနီနီ ဘဝကြမ်းတွေနဲ့
ငွေဇာခြည် အလှနွမ်းပါရဲ့
ကျွန်မ ပန်းသည် ၊

မဝယ်ဘူး
ကိုယ်တိုင်ခူး ကိုယ်တိုင်သီ
ညီညီစီ ခရေကုံး ၊

ဦးဦး, ဒေါ်ဒေါ်တို့
မမ, ကိုကိုတို့
မြတ်ကုသိုလ် မင်္ဂလာနှင့်
ကေသာမှာ ဆင်ကာသ,ရအောင်
ဝယ်ကြပါဦး ………။

0 comments:

Post a Comment