Follow Me on Twitter

Pages

Friday, December 26, 2014

ရဲဘော်ရဲဘက်သို့ အိတ်ဖွင့်ပေးစာ

ဆင်းရဲခက်ခဲ ကြပ်တည်းခဲ့စဉ်တုန်းက
ရဲဘော်ရဲဘက်စိတ်တွေ ခမ်းခမ်းနားနား
တစ်ယောက်ဝေဒနာ တစ်ယောက်ခံစား
လောကဓံမုန်တိုင်းကြားထဲမှာ
သစ္စာပန်းတွေ ပွင့်လို့…မေတ္တာရနံ့တွေ ဝင့်လို့
လွမ်းတယ် သူငယ်ချင်း
ကံနဲ့ ကံရဲ့အကျိုးကျေးဇူးတွေ
အလုပ်နဲ့ ထိုက်တန်တဲ့ခံစားခွင့်တွေ
နေရာတွေ ပိုင်ဆိုင်စရာတွေ
အခု ကြည့်စမ်း….. မီးလောင်ပြင်မှာ ပန်းတွေပွင့်လာပြီ
မင်းပြောကြည့်စမ်းပါ
ဒါတွေက ခွဲဝေစရာလိုသလား
ဒါတွေအတွက် အကြမ်းဖက်စရာလား
ငါ့မျက်နှာပေါ်ကို ခပ်ပြင်းပြင်းနင်းပြီး
အာဇာနည်သူရဲကောင်း ဆုတံဆိပ်ကို
ဘာလို့ တစ်ယောက်ထဲ ပိုင်ဆိုင်ချင်နေရတာလဲ
ရဲဘော်ရဲဖက်စိတ်တွေ ဘယ်မှာလဲ
ပြီးတော့ သစ္စာတွေ မေတ္တာတွေကော ….
ငါ အရမ်းအံ့သြဝမ်းနည်းတာပဲ
ကံသာရှိပြီး ကံရဲ့အကျိုးကျေးဇူးတွေ မရှိချင်နေ
အလုပ်သာရှိပြီး ထိုက်တန်တဲ့ခံစားခွင့်ကို မရချင်နေ
မီးလောင်ပြင်မှာ မီးတွေသာ ဆက်လောင်နေပါစေ
ဆင်းရဲခက်ခဲကြမ်းတမ်းတဲ့ အရင်ဘဝလေးကိုသာ
ငါ ပြန်လိုချင်မိတယ် ………..။

0 comments:

Post a Comment